ပွင့်ဖြူ ၁၅ မေ
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျွဲတိကျေးရွာတွင် ၂၀၁၇ ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နွေစပါးသီးနှံ စိုက်ခင်းများအတွက် တောင်သူများထံ သီးနှံထောက်ပံ့ငွေ ပံ့ပိုးပေးအပ်ခြင်းကို မေ ၁၄ ရက်၊ မွန်းလွဲ ၃ နာရီက အဆိုပါ ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသည့် နွေစပါးသီးနှံစိုက်ခင်းများအတွက် သီးနှံ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင့်မြင့်က နိုင်ငံတော်မှ တောင်သူများ သီးနှံအဆင်ပြေစွာ ပြန်လည်စိုက်ပျိုးလုပ်ကိုင်နိုင်ရန်နှင့် လယ်ယာကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ထိခိုက်ပျက်စီးမှုဖြစ်ပွားသည့် သီးနှံနစ်နာကြေးအတွက် ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း လယ်ယာထုတ်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ကျွဲတိကျေးရွာ ရပ်မိရပ်ဖတစ်ဦးက သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံဆုံးရှုံးမှုအတွက် ထောက်ပံ့ငွေပံ့ပိုးပေးမှုအပေါ် ဒေသခံတောင်သူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်နှင့် ဝန်ထမ်းများအဖွဲ့က ၂၀၁၇ ခုနှစ် သဘာဝဘေးအန္တရာယ်ကြောင့် နွေစပါးသီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့သည် ကျွဲတိကျေးရွာမှ တောင်သူ ၇၇ ဦး၏ နွေးစပါးသီးနှံစိုက်ခင်းဧက ၂၁၈ ဧကအတွက် တစ်ဧကလျှင် သီးနှံထောက်ပံ့ငွေကျပ် ၂၅၀ဝ၀ဝ နှုန်းဖြင့် စုစုပေါင်းသီးနှံ ထောက်ပံ့ငွေ ကျပ် ၅၄၇၃၅၀ဝ၀ အား တောင်သူတစ်ဦးချင်းစီထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)