မြန်အောင် ၂၂ ဇွန်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်အောင်မြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအတွက် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာနှစ်အတွင်း မြန်အောင်မြို့နယ်တွင် နည်းလမ်း(၈)သွယ် စိုက်ပျိုးခြင်းအစီအစဉ်ဖြင့် သစ်ပင်ပေါင်း ၈၇၀ဝ၀ဝ ကျော် စိုက်ပျိုးထားကြောင်း သိရှိရသည်။
မြန်အောင်မြို့နယ် သစ်တောဦးစီးဌာနက နည်းလမ်း(၈)သွယ် စိုက်ပျိုးခြင်းအစီအစဉ်ဖြင့် မြန်အောင်မြို့နယ်အတွင်း နိုင်ငံပိုင်စိုက်ခင်းတည်ထောင်ခြင်း စီးပွားရေးကျွန်းစိုက်ခင်း ဧက ၃၀ဝ နှင့် စိုက်ခင်းဟောင်း ပြုစုထိန်းသိမ်းခြင်း ၄၀၆ ဧကအတွက် ကျွန်းပင် ၅၈၂၂၄၀ ပင် စိုက်ပျိုးခြင်း၊ သဘာဝတောတန်ဖိုးမြှင့်စိုက်ပျိုးခြင်း ဧက(၁၀ဝ)အတွက် ကျွန်းပင်(၈၀ဝ)ပင် စိုက်ပျိုးခြင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် စိုက်ခင်းတည်ထောင်ခြင်း (၁၀၈၆)ဧကအတွက် ကျွန်း၊ မန်ဂျန်ရှား ၁၆၂၉၀ဝ ပင်နှင့် မိုးရာသီလူထုလုပ်ရှားမှုဖြင့် စိုက်ပျိုးခြင်း ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ပိတောက်၊ ဝါးဖြူ၊ ဝါးဘိုး၊ မျှင်ဝါး စုစုပေါင်း၁၃၁၉၀ဝ ပင် စိုက်ပျိုးကြောင်း မြန်အောင်မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဇော်မင်း ထံမှသိရှိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)
