ဗဟန်း ၁၄ မေ
ရန်ကုန်အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ်ရှိ တိုင်းကျန်းမာရေးဦးစီးဌာနတွင် ၂၀၁၈ ခုနှစ် ထူးချွန်ဆုရ မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အဖွင့်အမှာ စကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့် က ကျန်းမာရေးဝန်ထမ်းများ လူနာအပေါ် ဆက်ဆံရေး ကောင်းမွန်စေရန် ဆေးကုသရေး အပိုင်းတွင်လည်း စေတနာထား ကုသပေးရန်နှင့် အလုပ်လုပ်ရာတွင် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရေး စသည်တို့ကို ပြောကြားသည်။
ထို့နောက် ထူးချွန်ဆုရ မြို့နယ်ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံ တိုက်နယ်ဆေးရုံများအား ဆုများကို တာဝန်ရှိသူများ အသီးသီး ဆုများချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်(ပြန်/ဆက်)