နေပြည်တော် ၂၇ ဇွန်

 


အခြေခံပညာကျောင်းများ၌ နို့တိုက်ကျွေးခြင်းအစီအစဉ်သည် တစ်ဦးတစ်ယောက်ချင်းအတွက်သာမက လူ့ဘောင်အဖွဲ့အစည်းတစ်ခုလုံးကိုပါ တစ်ဘက်တစ်လမ်းမှ အကျိုးပြုလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီ: ဒေါက်တာအောင်သူက ပြောကြားသည်။

 

h6tuh


ယင်းနောက် ကလေးများ၏ ကျန်းမာကြံ့ခိုင်မှု ပိုမိုကောင်းလာသည်နှင့်အမျှ ကျန်းမာရေးစောင့်ရှောက်ရမှု ကုန်ကျစရိတ်များလည်း လျော့ကျလာမည် ဖြစ်သည့်အတွက် အစိုးရ၊ မိဘ၊ ဆရာနှင့် စေတနာရှင်များပူးပေါင်းပြီး ကလေးသူငယ်များ၏ အာဟာရ ပြည့်ဝရေးကို စဉ်ဆက်မပြတ် ကြိုးပမ်းသွားကြရမှာဖြစ်ကြောင်း ယနေ့ နံနက် ၉ နာရီက နေပြည်တော် ဇေယျာသီရိမြို့နယ်၊ နန်းသြကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပသည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းများ နို့တိုက်ကျွေးရေး ဖွင့်ပွဲအခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့်လည်း ဝန်ကြီးဌာနများ ပူးပေါင်းပါဝင်သည့် နိုင်ငံသားအားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကဏ္ဍပေါင်းစုံ ပါဝင်သော ဘက်စုံအာဟာရဖွံ့ဖြိုးရေး စီမံကိန်းကို ချမှတ်အကောင်အထည် ဖော်လျက်ရှိကြောင်း၊ အနာဂတ်လူငယ်များ၏ ဉာဏစွမ်းရည် မြင့်မားတိုးတက်စေရေး၊ ကျန်းမာကြံ့ခိုင်သန်စွမ်းသော ကာယစွမ်းရည်များ ပိုင်ဆိုင်နိုင်ကြစေရေးအတွက်  ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာအာဟာရများ ပြည့်ဝစွာ စားသုံးလာစေရန် အခြေခံပညာကျောင်းများ၌ နို့တိုက်ကျွေးခြင်းအစီအစဉ်များကို နှစ်စဉ်ဆောင်ရွက်ပေးလျက် ရှိနေသော်လည်း ဆက်လက်၍ ဝေးလံခေါင်းဖျားဒေသများမကျန် တစ်နိုင်ငံလုံးကို လွှမ်းခြုံသည့် နို့နှင့် အာဟာရတိုက်ကျွေးမှု လုပ်ငန်းများ ပိုမိုကျယ်ပြန့် ထိရောက်စေရေး ကြိုးပမ်းသွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် စေတနာရှင်အလှူရှင်များက နန်းသြ အခြေခံ ပညာမူလတန်းလွန်ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသား ကျောင်းသူလေးများအား နို့နှင့် အာဟာရများ တိုက်ကျွေးကြသည်။

 


အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နို့စားနွား မွေးမြူရေးနှင့် နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်မှုအသင်းဥက္ကဋ္ဌနှင့် လုပ်ငန်းရှင်များ၊ နို့နှင့် အာဟာရအလှူရှင်များ၊ နန်းသြ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။ 

 


အခြေခံပညာကျောင်းများတွင် နို့တိုက်ကျွေးခြင်းကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အထိ ၈ နှစ်တာကာလအတွင်း ကျောင်းပေါင်း ၁၂၅၉၇ ကျောင်းရှ ိကျောင်းသားကျောင်းသူ ၂၆၄၆၁၆၂ ဦးတို့အား နို့နှင့်အာဟာရများ တိုက်ကျွေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ 

 


သတင်းစဉ်