နေပြည်တော် ၃ ဇွန်
၂၀၁၉ ခုနှစ်၊ ဇွန်လ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ဇွန်(၈)ရက်မှ (၁၃)ရက်အထိ ကျင်းပမည်ဖြစ်သည်။
ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများအနေဖြင့် အဆိုပါရောင်းချပွဲသို့ နေ့စဉ်အခမဲ့ ဝင်ရောက်သတင်းရယူနိုင်မည်ဖြစ်ပြီး အရောင်းစာရင်းအချက်အလက်များနှင့်ပတ်သက်၍ မဏိရတနာ ကျောက်စိမ်းခန်းမရှိ နဝရတ်ကိုးသွယ်ဂိတ်၌ ဇွန်(၁၃)ရက် ညနေပိုင်းတွင် သတင်းထုတ်ပြန် ပေးသွားမည် ဖြစ်သည်။
သို့ဖြစ်ပါ၍ သတင်းတက်ရောက်ရယူလိုသည့် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများအနေဖြင့် ဝင်ခွင့်ပြုလုပ်နိုင်ရေး အတွက် ဇွန်( ၆ )ရက်နောက်ဆုံးထား၍ သတ်မှတ်ပုံစံဖြည့်စွက်ကာ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ပြည်ကြားရေးဝန်ကြီးဌာန၊ နေပြည်တော်သို့ ပေးပို့ရမည်ဖြစ်သည်။
သတ်မှတ်ပုံစံများအား မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ၊ မြန်မာနိုင်ငံ နိုင်ငံခြားသတင်း ထောက်များ အသင်းတို့တွင်ရယူနိုင်ကြောင်းနှင့် အသေးစိတ်အချက်အလက်များသိရှိလိုပါက သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း၊ ဖုန်း ဝ၆၇ ၄၁၂၁၂၅၊ ၄၁၂၁၂၆ သို့လည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲ၊ စီမံရေးရာလုပ်ငန်းကော်မတီ၊ ဖုန်း ဝ၆၇ ၄၁၄၄၉၇၊ ၄၁၄၄၉၈ သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)


