မန္တလေး ၁၂ ဇွန်
၂၀၁၉ ခုနှစ် “မိုးရာသီ” အမှတ်တရ ပန်းချီစုပေါင်းပြပွဲကို ဇူလိုင် (၆) ရက်မှ (၁၀) ရက်နေ့အထိ မန္တလေးတောင်ခြေ ပန်းချီပြခန်း (Mandalay Hill Art Gallery) တွင် ကျင်းပမည်ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် (၆)ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတောင်ခြေ ပန်းချီပြခန်းတွင် ကျင်းပမည်ဖြစ်သည်။
အဆိုပါ “မိုးရာသီ” အမှတ်တရ ပန်းချီစုပေါင်းပြပွဲတွင် ပန်းချီဆရာ (၇၀) ကျော် ပါဝင်ပြသမည်ဖြစ်ပြီး မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်း၊ မုံရွာ၊ မြင်းခြံနှင့် ပုဂံမြို့များမှ ပန်းချီဆရာများ ပါဝင်ပြသမည်ဟု သိရှိရသည်။ ပန်းချီပြပွဲတွင် ပန်းချီကားပေါင်း (၉၀)ကျော်ကို ပြသမည်ဖြစ်ပြီး ပြသမည့်ပန်းချီကား အမျိုးအစားများမှာ ရေဆေး၊ ဆီဆေး၊ အခရိုင်းလစ်နှင့် ခဲအမျိုးအစားများ ပါဝင်မည်ဟု သိရှိရသည်။
နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီထိ ပြသထားမည်ဖြစ်ပြီး စိတ်ဝင်စားသူမည်သူမဆို လာရောက်လေ့လာနိုင်ကြောင်း ပန်းချီမိုးဦး၏ ပြောကြားချက်အရ သိရှိရသည်။
ခင်ခင်ဝင်း (ပညာရေး)