နေပြည်တော် ၂၀ မေ
၂၀၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အခြေခံစာတတ်မြောက်ရေး လုပ်ငန်း ပြီးမြောက်ခြင်းဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် မြင်းခြံဒီဂရီကောလိပ် ဘက်စုံခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာမြင်းခြံမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူလေးများက “ပန်းများဝေစီပွင့်ဖူးသည်” သီချင်းဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနားကိုဖွင့်လှစ်သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ မန္တလေး တိုင်းဒေသကြီး ရှမ်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က အမှာစကားပြောကြားသည်။
ယင်းနောက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားသည်။
ဆက်လက်၍ မြင်းခြံမြို့နယ်မဲဆန္ဒနယ်မြေအမှတ်(၂)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးခင်မောင်အေးကဂုဏ်ပြုစကားပြောကြားသည်။
ထို့နောက် စာတတ်မြောက်ရေးလုပ်ငန်းလှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဗွီဒီယိုအား ပြသသည်။
ယင်းနောက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက မန္တလေးတိုင်းဒေသကြီး အခြေခံစာတတ်မြောက် ရေးလုပ်ငန်းများကို ကြီးကြပ်လမ်းညွှန်ပေးခဲ့သော တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပူးပေါင်းဆောင်ရွက်ခဲ့သော မန္တလေး တိုင်းဒေသကြီးပညာရေးမှူးရုံး၊ မြင်းခြံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြင်းခြံဒီဂရီ ကောလိပ်၊ အစိုးရနည်းပညာ ကောလိပ်(မြင်းခြံ)နှင့် မြင်းခြံခရိုင်ပညာရေးမှူးရုံးတို့အား ဂုဏ်ပြုမှတ် တမ်းလွှာများ ပေးအပ်သည်။
ယင်းနောက်လွှတ်တော်ကိုယ်စားလှယ်များက မြင်းခြံခရိုင် အခြေခံစာတတ် မြောက်ရေး လုပ်ငန်းတွင် စေတနာဖြင့်လုပ်အားပေးဆောင်ရွက်ခဲ့ကြသည့် မြင်းခြံဒီဂရီကောလိပ်နှင့် အစိုးရ နည်းပညာကောလိပ်(မြင်းခြံ)တို့မှ စေတနာလုပ်အားပေး နည်းပြကျောင်းသား ကျောင်းသူများ အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ဆက်လက်၍ မြင်းခြံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးတင့်လှိုင်ကအခြေခံ စာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ယူပြီးမြောက် ခဲ့ကြသည့် (၄)မြို့နယ်မှ စာသင်သားများအားသင်ယူပြီးမြောက်ကြောင်း လက်မှတ်များပေးအပ်သည်။
ဆက်လက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် တက်ရောက် သင်ကြားခဲ့သည့် စာသင်သားများ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားသည်။
ထို့နောက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် စေတနာလုပ်အားပေး နည်းပြအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူများ ကိုယ်စား နည်းပြကျောင်းသားကျောင်းသူများက စာတတ်မြောက်ရေး လုပ်ငန်းအတွေ့အကြုံများကိုရှင်းလင်းတင်ပြသည်။
ယင်းနောက် မြင်းခြံဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာမောင်မောင်က အခမ်း အနားတွင် ဂုဏ်ပြုဖျော်ဖြေ သူများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးကြသည်။
အလားတူညောင်ဦးခရိုင်၊ မိတ္ထီလာခရိုင်များတွင်လည်း အခြေခံစာတတ်မြောက်ရေး လုပ်ငန်း ပြီးမြောက်ခြင်းဂုဏ်ပြုပွဲ အခမ်းအနားများကို ကျင်းပခဲ့ကြသည်။
အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ညောင်ဦး ခရိုင်၊ မိတ္ထီလာခရိုင်များတွင် ရက်ပေါင်း(၄၀)ကြာ ကျင်းပဆောင်ရွက်ခဲ့ရာ စေတနာရှင် လုပ်အား ပေး နည်းပြကျောင်းသားကျောင်းသူ(၁၅၀ဝ)ဦးက စာသင်သား (၇၄၉၈) ဦးအား အခြေခံမြန်မာစာ အရေး၊ အဖတ်နှင့်သင်္ချာအတွက်များ သင်ကြား ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)