မြစ်ကြီးနား ၁ ဇူလိုင်
၂၀၂၀ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် အထောက်အကူပြုမည့် ရွေးကောက်ပွဲအကြို အခြေခံလူဦးရေ စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးဝင်း အတွင်းရှိ မြို့နယ်အထွေထွေအုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းထက်အောင်က ၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲ မစတင်မီ ကြိုတင်ပြင်ဆင်ထားသင့်သည့် အခြေခံလူဦးရေစာရင်းမှန်ကန်စွာ ရရှိစေရေး၊ လူဦးရေစာရင်း ကောက်ယူရာတွင် တိကျမှန်ကန်သည့် စာရင်းဇယား အချက်အလက်များ မှန်ကန်မြန်ဆန်စွာ ရရှိစေရေး၊တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဌာနတွင်း ဝန်ထမ်းများမှ ဆောင်ရွက်သွားရမည်ဖြစ်ပြီး အခြေခံလူဦးရေစာရင်းကောက်ယူမှုမပြုလုပ်မီ သင်တန်းဖွင့်လှစ်ပို့ချမည့်အစီအစဉ်များအား ရှင်းလင်းတင်ပြရာ မြစ်ကြီးနားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မောင်နှင့် တာဝန်ရှိသူများက တက်ရောက်လာသူများနှင့်အတူ အခြေခံလူဦးရေ စာရင်းကောက်ယူရေး လုပ်ငန်းစဉ်များအား ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးမှ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခြေခံလူဦးရေစာရင်းကောက်ယူရေး ကောက်ကွက် မြေပုံမှန်ကန်ရေး မြို့နယ်အဆင့် ရက်တိုသင်တန်းအား ဇူလိုင် ၆ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ အင်အား(၇၀) ကျော် တက်ရောက်ကြောင်း သတင်းရရှိသည်။
မိုဃ်းကျ(မြစ်ကြီးနား)


