မြစ်ကြီးနား        ဇူလိုင်      ၁၅

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြစ်ကြီးနားတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်လှစ်ပွဲကို ဇူလိုင် ၁၅ ရက်​  နံနက်ပိုင်းက ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး တစ်ဦးချင်းပွဲစဉ်နှင့် နှစ်ယောက်တွဲ ပွဲစဉ်များ ယှဉ်ပြိုင်မှုများကို ပါမောက္ခချုပ်နှင့် ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် တက္ကသိုလ် ကျောင်းသား ကျောင်းသူများက အားပေးကြည့်ရှုကြသည်။ အဆိုပါ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဇူလိုင် ၁၇ ရက်​အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယော်ဆောင်(ပြန်/ဆက်)