နေပြည်တော်၊ ဒီဇင်ဘာ  ၁၂

 

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီခွဲတွင်  နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ၊   MICC –2 ၌ ကျင်းပမည်ဖြစ်သည်။

 

 အဆိုပါ ဆုနှင်းသဘင်အခမ်းအနားကို  ယင်းနေ့ နံနက် ၉ နာရီ မိနစ် ၂၀ မှ စတင်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား  MRTV-HD Channel ၊ MRTV News Channel ၊ ၊ MWD-HD Channel  ၊  MWD Variety HD Channel ၊ MITV၊  MOI Website၊  MOI Youtube၊  မြန်မာ့အသံရေဒီယိုနှင့်  MRTV App: အပါအဝင် Online တို့မှလည်း  တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

(သတင်းစဉ်)