တနင်္သာရီ မေ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၅ ရက် နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ တနင်္သာရီမြို့နယ် အမှတ်(၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမင်းအောင်၊ မြို့နယ်ပညာရေးမှူး ဦးခင်ဇော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအကျိုးဆောင်များ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းသားမိ/ဘအုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ကြသည်။
ဦးစွာ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးခင်ဇော်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်း လင်းပြောကြားသည်။ ထို့နောက် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကျောင်းနေရန် အခက်အခဲမရှိစေရန် နိုင်ငံတော်အဆင့်မှ ကူညီပံ့ပိုးသည့် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများနှင့် ကျောင်းဝတ်စုံများကို အမှတ်(၂) စစ်နယ်မြေမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများထံ အခမဲ့ပေးအပ်သည်။
ထို့နောက် အမှတ်(၂) စစ်နယ်မြေမှူးနှင့်အဖွဲ့ဝင်များသည် တနင်္သာရီမြို့ပေါ်ရပ်ကွက်များရှိ အထက-တနင်္သာရီ၊ အမက-ချောင်းငယ်နှင့် အမက-တပ်ဦးကျောင်းများတွင် ကျောင်းအပ်လက်ခံနေမှုတို့ကို လိုက်လံကြည့်ရှုပြီး ကျောင်းသား မိဘများအား ရင်းရင်းနှီနှီး အားပေးစကားပြောကြားသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)