နေပြည်တော်   ဇွန်   ၄

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နေပြည်တော်ကောင်စီ   နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ   အခြေခံ ပညာကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများတွင် ဇွန်  ၃ ရက်မှစ၍ စတင်ဖွင့်လှစ်ခဲ့ သည်။ ထိုသို့ ကျောင်းများ ဖွင့်လှစ်ပြီး စာသင်ကျောင်းများတွင် သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများ   သင်ကြားပို့ချ ပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူများက  အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြား လျက်ရှိသည်။

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း သား ကျောင်းသူများကို   သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အခမဲ့ ထုတ်ပေးပြီး KG မှ  မူလတန်းအထိ ကျောင်းသား ကျောင်းသူများကို ကျောင်းဝတ်စုံများလည်း အခမဲ့ ပေးအပ်လျက်ရှိသည်။

 

ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် စာသင်ခုံများ နေရာ ချထားခြင်း၊ ကျောင်း ကြို/ပို့ ယာဉ်များ စီစဉ်ပေးခြင်း၊ ကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက်   ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေး ထားသည်။

 

ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်း အပ်နောက်ကျနေသည့် ကျောင်းသား ကျောင်းသူများ ကိုလည်း ဆက်လက်ကျောင်းအပ်လက်ခံပေးလျက် ရှိရာ ယနေ့အထိ ကျောင်းသား ကျောင်းသူ ၆၆၇၂၃၂၉ ဦး ကျောင်းအပ်နှံထားရှိပြီး ၆၄၁၄၇၉၉  ဦး တက်ရောက်ပညာ သင်ကြားလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်