နေပြည်တော် ဇန်နဝါရီ ၅
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် “၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ”အား ဇန်နဝါရီ (၈)ရက်မှ (၁၂)ရက်အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် အမျိုးသားအသင်း(၁၄)သင်း၊ အမျိုးသမီးအသင်း(၁၄)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားကို စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို(အခမဲ့) လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)