နေပြည်တော် မတ်  ၂၉

 

၂၀၂၄ ခုနှစ်၊   ပြည်နယ်နှင့် တိုင်းဒေသကြီး U-25  ဘောလုံးပြိုင်ပွဲ (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်  ဆုချီးမြှင့်ခြင်း အခမ်းအနားကို     ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌   ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး     မင်းအောင်လှိုင်  တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများ ပေးအပ်ချီးမြှင့်သည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  တွဲဖက်အတွင်းရေးမှူး   ဒုတိယဗိုလ်ချုပ် ကြီး ရဲဝင်းဦး၊  ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ  ဥက္ကဋ္ဌ၊ တပ်မတော်   အရာရှိကြီးများ၊ နေပြည်တော်တိုင်း  စစ်ဌာနချုပ် တိုင်းမှူး၊   ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးမှ အားကစားအသင်းများအလိုက် အုပ်ချုပ်သူများ၊  နည်းပြများနှင့်    အားကစား သမားများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့်   ဝန်ထမ်းများ၊    မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

 

အကြိတ်အနယ်ယှဉ်ပြိုင်

၂၀၂၄   ခုနှစ်၊   ပြည်နယ်နှင့် တိုင်းဒေသကြီး U-25 ဘောလုံး ပြိုင်ပွဲ(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လု ပွဲစဉ်အဖြစ်         ကချင်ပြည်နယ် အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ အဆိုပါအသင်းများသည် ဗိုလ်လုပွဲသို့    တက်ရောက်လာကြသည့် အသင်းများ  ဖြစ်သည်နှင့် အညီ တစ်ဖက်နှင့်တစ်ဖက်    အပြန်အလှန်ဖိအားပေး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသော်လည်း သာမန် ပွဲကစားချိန်   ပြီးဆုံးသည်အထိ ဂိုးမရရှိခဲ့ဘဲ သရေရလဒ်ထွက်ပေါ် ခဲ့သောကြောင့် အချိန်ပိုဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြသည်။ အချိန်ပို ပွဲကစားချိန်   ၄   မိနစ်တွင် ရန်ကုန်တိုင်း ဒေသကြီးအသင်းက ဦးဆောင်ဂိုးရရှိခဲ့သည်။    ယင်း နောက် ကချင်ပြည်နယ်အသင်းက ချေပဂိုး       ပြန်လည်ရရှိနိုင်ရေး အကြိတ်အနယ် ထိုးဖောက်တိုက် စစ်ဆင်ခဲ့ရာ ပွဲကစားချိန် ၂၄ မိနစ် တွင် ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့သဖြင့်   တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ကာ ပယ်နယ်တီ အဆုံးအဖြတ် ရယူခဲ့ရသည်။ ပယ်နယ်တီ  အဆုံးအဖြတ်တွင်   ရန်ကုန်တိုင်းဒေသကြီး အသင်းက ကချင်ပြည်နယ်အသင်း ကို ၃ ဂိုး- ၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

 

ပေးအပ်ချီးမြှင့်

ယင်းနောက်   ဆုချီးမြှင့်ခြင်းအခမ်းအနားကို      ဆက်လက် ကျင်းပရာ       အကောင်းဆုံး အားကစားသမားဆု     ရရှိခဲ့ကြသည့်   အားကစားသမားများကို ကောင်စီဝင်များ    ဖြစ်ကြသည့် ဦးရန်ကျော်၊ ခွန်စံလွင်၊ ဒေါက်တာ ဘရွှေ၊   ဒေါက်တာ  မှုထန်နှင့် မန်းငြိမ်းမောင်တို့က    လည်း ကောင်း၊     စတုတ္ထဆု   ရရှိသည့် ပြည်ထောင်စုနယ်မြေ   နေပြည် တော်အသင်းအား  ကောင်စီဝင် ဒေါ်ဒွဲဘူက         လည်းကောင်း၊ တတိယဆုရရှိသည့်       ကရင် ပြည်နယ်အသင်းအား  ကောင်စီ ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ကလည်းကောင်း၊     ဒုတိယဆုရရှိသည့်  အသင်းအား  ကောင်စီဝင် ဗိုလ်ချုပ်ကြီး     မြထွန်းဦးက လည်းကောင်း တစ်ဦးချင်း   ဆုတံဆိပ်၊ ဂုဏ်ပြုဆုနှင့်  ချီးမြှင့်ငွေ များကို   ပေးအပ်ချီးမြှင့် ကြသည်။

 

ယင်းနောက်   ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို ကောင်စီတွဲဖက် အတွင်းရေးမှူး   ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက   တစ်ဦးချင်း ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်သည်။

 

ရင်းရင်းနှီးနှီးနှုတ်ဆက်

ထို့နောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပထမ ဆုရရှိသည့် ရန်ကုန်တိုင်းဒေသ ကြီးအသင်းအား   ဂုဏ်ပြုချီးမြှင့် ငွေနှင့်       တံခွန်စိုက်ဖလားတို့ကို ပေးအပ်ချီးမြှင့်ပြီး အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

 

မြန်မာ့ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာ့ လက်ရွေးစင် ထူးချွန်အားကစား သမားများ   ထွက်ပေါ်လာစေရန် ရည်ရွယ်၍  ပြည်နယ်နှင့် တိုင်းဒေသကြီး U – 25 ဘောလုံး ပြိုင်ပွဲကို    မတ်  ၁၅  ရက်မှ   စတင်၍  ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်