ရန်ကုန် ဇွန် ၁၁

 

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော် ကြီး ၁ ပါးနှင့် စေတိယင်္ဂဏနိဗဒ္ဓ ဆရာတော်ကြီး ၂ ပါးတို့အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုသည့် ဂုဏဝိသိဋ္ဌ ပူဇာမင်္ဂလာအခမ်းအနားကို ယနေ့ မွန်းလွဲ  ၁ နာရီတွင် စေတီတော်ရင်ပြင် တောင်ဘက် မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

 

ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် သင်ကြားစီမံပါမောက္ခဌာနမှူး အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာ ပဏ္ဍိတ သ--အဓမ္မာစရိယ ဘဒ္ဒန္တမာနိတာ ဘိဝံသထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက် တည်ကြပြီး ဆရာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ် တရားတော်များကို နာယူကြည်ညိုကြသည်။

 

ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာ ပတိဦးကျော်ဇေယျက ဂုဏဝိသိဋ္ဌ ပူဇာမင်္ဂလာစကား လျှောက်ထားသည်။

 

ယင်းနောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၃ ပါးတို့၏ ထေရုပ္ပတ္တိအကျဉ်းကို အခမ်းအနား မှူးက ဖတ်ကြား လျှောက်ထားပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တမာနိတာဘိဝံသ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ် တော်ရ ဘဒ္ဒန္တနာရဒါဘိဝံသ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ ဩဘာသာဘိဝံသတို့ထံ ဘွဲ့တံ ဆိပ်တော်နှင့်လှူဘွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ဆက်လက်၍ လှရတနာဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ ရေးသားပူဇော်သည့် သုတ္တန်ပါဠိတော်များ စာအုပ်အတွက် အလှူရှင်()ဦးတို့က ကျသင့်ငွေကျပ် ၁၃၅၀၀၀၀ ကို လှူဒါန်း ကြသည်။ 

 

ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ တိပိဋက ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သ, . ဓမ္မာ စရိယ(ဝဋံသကာ) ပါဠိပါရဂူ စေတိယင်္ဂဏပဝရ သိရီမဟာဓမ္မဂုရု ဘဒ္ဒန္တနာရဒါဘိဝံသထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ် ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းလိုက်သည်။

ဇော်မင်းလတ် (သတင်းစဉ်)