နေပြည်တော် ဒီဇင်ဘာ ၂၈
လမ်းလျှောက်ခြင်းသည် အရိုး ရှင်းဆုံးနှင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာကို ရရှိစေနိုင်သော အထိရောက်ဆုံး လေ့ကျင့်ခန်းတစ်မျိုးဖြစ်သည့်အတွက် နှစ်စဉ် ဒီဇင်ဘာလကို လူထုအားကစားလအဖြစ် သတ်မှတ်၍ အများပြည်သူ စုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေးလှုပ်ရှားမှုများ၊ အားကစားပြိုင်ပွဲများကို နိုင်ငံတစ်ဝန်းကျင်းပလျက်ရှိသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက်တပ်နယ်များ၌လည်း ကျင်းပလျက်ရှိရာ ဒီဇင်ဘာ(စတုတ္ထပတ်) စုပေါင်းလမ်းလျှောက်ပွဲ များကို ဒီဇင်ဘာ ၂၇ ရက်နှင့် ယနေ့တို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် ဘောလုံးကွင်း၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် စုပေါင်းတန်းစီကွင်းနှင့် တပ်နယ်စုပေါင်း တန်းစီကွင်းများ၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ် ဌာနချုပ် စုပေါင်းတန်းစီကွင်းနှင့် တပ်နယ်စုပေါင်း တန်းစီကွင်းများ၌ လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် စုပေါင်းတန်းစီကွင်းနှင့် တပ်နယ် စုပေါင်းတန်းစီကွင်းများ၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စုပေါင်းလမ်းလျှောက်ပွဲကို မန္တလေး နန်းမြို့တွင်းရှိ မြနန်းစံ ကျော် ရွှေနန်းတော်ကြီးအနီး၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမရှေ့၌ လည်းကောင်း ကျင်းပကြသည်။
အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲများတွင် တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများ၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ ပါဝင် ဆင်နွှဲကြပြီး သတ်မှတ်နေရာများ၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများဆောင်ရွက် ခဲ့ကြသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ရုံး/ဌာနများ၏ ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စခန်းမှူးရုံး စခန်းမှူးနှင့် ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ ပါဝင်ဆင်နွှဲ၍ သတ်မှတ်လမ်းကြောင်းများအတိုင်း စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


