နေပြည်တော်  ဒီဇင်ဘာ  ၂

၂၀၂၆  ခုနှစ်    (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး   ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို   ယနေ့နံနက်ပိုင်းတွင်    နေပြည်တော် ရုံးအမှတ်(၃၁)  ရှိ        စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ အားကစားနှင့်    လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင်   ဒုတိယဝန်ကြီးက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေး     ဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးတွင် National  Fitness   ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ   ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးဖြစ်စေရေး၊ တက်ကြွရွှင်လန်းစွာဖြင့် မိမိတို့တာဝန်များကို  ပိုမိုထမ်းရွက်နိုင်စေရေးကို ရည်ရွယ်ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာ    လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့်  ၂၀၂၆   ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  ဝန်ကြီးဌာနပေါင်းစုံ  အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနအဆင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများအဖြစ်  မီတာ(၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀)အပြေးပြိုင်ပွဲ၊ လွန်ဆွဲ(ကျား၊ မ)နှင့် ထုပ်ဆီးတိုး (မ) စသည့် အားကစားပြိုင်ပွဲများ ကျင်းပမည်ဖြစ်ပြီး  စည်းမျဉ်း၊   စည်းကမ်း များကို ဝန်ကြီးဌာနများသို့ ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ Mass Sport ဖြစ်သည့် လူထုအားကစားလှုပ်ရှားမှု ဒီဇင်ဘာလမ်းလျှောက်ပွဲနှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပွဲများတွင် စည်းစည်းရုံးရုံး ပါဝင်ဆင်နွှဲပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဝန်ကြီးဌာန ပေါင်းစုံအားကစားပြိုင်ပွဲများနှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထု အားကစားလစုပေါင်းလမ်းလျှောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို     ရှင်းလင်းတင်ပြကြရာ  ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။     

သတင်းစဉ်