ညောင်ရွှေ ဩဂုတ် ၃၁
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၏ (၂၃)ကြိမ်မြောက် မြို့နယ်အဆင့် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဩဂုတ် ၃၁ ရက် နံနက်ပိုင်းက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဆုရရှိကြသည့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အတီး၊ အကများဖြင့် တင်ဆက်ကပြဖျော်ဖြေကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်မြလင်းတို့က အမှာစကားပြောကြားကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုရရှိကြသည့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ