ဂန့်ဂေါ  ၁၄  စက်တင်ဘာ

 

ကိုဗစ်-ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စီစဉ်မှုဖြင့် မကွေးတိုင်းဒေသကြီးမှအပ အခြားတိုင်းနှင့် ပြည်နယ်များမှ ဝင်ရောက်လာသူများအား စစ်ဆေးနိုင်ရန် မြောက်ကုန်းရပ်ကွက် ဂန့်ဂေါ- ကလေး၊ ဂန့်ဂေါ-ဟားခါး၊ ဂန့်ဂေါ-ပုလဲ၊ ဂန့်ဂေါ- ထီးလင်း ကားလမ်းဆုံတွင် စက်တင်ဘာ ၉ ရက်မှစတင်ကာ ယာယီဂိတ်ဖွင့်လှစ် စစ်ဆေးလျက်ရှိသည်။

 

ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ဂန့်ဂေါမြို့နယ်အဆင့် ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးသည် ကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့် အတူ အဆိုပါဂိတ် ဖွင့်လှစ်ရာသို့ ယမန်နေ့ နံနက်က သွားရောက်ကြည့်ရှု စစ်ဆေးကာ အဆောက်အအုံသီးသန့်ဆောက်လုပ်နိုင်ရေး အပါအဝင် လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးဖြည့်ဆည်းသွားကြောင်း သိရသည်။

 

တောင်သားမောင်သန်း