ရန်ကုန် ဧပြီ ၂
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ လွမ်ပရာဘမ်မြို့တွင် ဧပြီ ၃ ရက်မှ ၆ ရက်အထိ ကျင်းပပြုလုပ်မည့် (၂၈)ကြိမ်မြောက် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် ဆွေးနွေးပွဲများ တက်ရောက်ရန် ဧပြီ ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Air Asia လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာသွားရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများက လေဆိပ်တွင် လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
(၂၈)ကြိမ်မြောက် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် ဆွေးနွေးပွဲများအား ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ယူ ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


