နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ ၃ ရက်
မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှုအခြေအနေများ၊ တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်နေမှုများအပေါ် အနောက်နိုင်ငံအားပေး၊ အထောက်အပံ့ ယူထားသည့်မီဒီယာများမှ နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားလာအောင် ဝေဖန်တိုက်ခိုက်မှုများ၊ AA အကြမ်းဖက် သောင်းကျန်းသူများက မြောက်ဦးခရိုင် ရှေးဟောင်းသုတေသနဦးစီးဌာန ကမ္ဘာ့အမွေအနှစ် စီမံခန့်ခွဲရေးဌာနပိုင်ယာဉ်များ၊ ခရိုင်ဖွံ့ဖြိုးရေး ယာဉ်များ၊ ကျေးလက်ဖွံ့ဖြိုးရေးအတွက်ယာဉ်များ၊ သာသနာရေးဝန်ကြီဌာနပိုင် ယာဉ်များအား လက်နက်ငယ်များဖြင့် ခြိမ်းခြောက်ယူဆောင်၍ ၎င်းတို့အဖွဲ့ကိုယ်ကျိုးအတွက် အသုံးပြုနေမှုများ၊ ၃-၁၂-၂၀၂၃ ရက်နေ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တပ်မတော်မှ ခြေလျင်တပ်များ၊ လေယာဉ် နှင့် အမြောက်များပေါင်းစပ်ပြီး ရွံ့ရွံ့ချွံ့ချွံ့ ခုခံချေမှုန်းခဲ့မှုကြောင့် ဆုပ်ခွါထွက်ပြေးသွားမှု အခြေအနေများ နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်
ကျွန်တော်တို့ ဒီနေ့မှာတော့ နယ်စပ်ဒေသတွေမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ နိုင်ငံခြားသားများ ပြန်လည်လွှဲပြောင်းမှုအနေနဲ့ အမျိုးသား ၁၅၈ ဦး၊ အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၁၆၈ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ တာဝန်ရှိသူများထံလွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ စုစုပေါင်းလွှဲပြောင်းပေးမှု ၁၀၉၅၂ ဦးရှိပြီးဖြစ်ပါတယ်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးကိစ္စများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုအချိန်မှာဘဲ ထုံးစံအတိုင်းဘဲ အနောက်နိုင်ငံအားပေး၊ အနောက်နိုင်ငံ အထောက်အပံ့ယူထားတဲ့ မီဒီယာများအနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးအပေါ်မှာ အထင်အမြင်လွဲမှားလာအောင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပတ်သက်ပြီး ဆက်ဆံရေးပျက်ပြားအောင် မျိုးစုံဝေဖန်တိုက်ခိုက်တာတွေ၊ မျိုးစုံ သွေးထိုး လှုံ့ဆော်တာတွေရှိကြောင်း တွေ့ရပါတယ်။ ယခုအချိန်မှာ ရှမ်းပြည်နယ် (မြေက်ဘက်) မှာ ဖြစ်နေတဲ့ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကြည့်မယ်ဆိုရင် ဒီနေရာတွေဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး၊ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးကြီးတဲ့ နေရာတွေဖြစ်ပါတယ်။ အရေးကြီးတဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေရှိတဲ့နေရာတွေ ဖြစ်ပါတယ်။ ဒီနေရာတွေကို နှစ်နိုင်ငံအစိုးရအနေနဲ့ အခြေအနေ ယိုယွင်းပျက်ပြားအောင် ဘယ်တော့မှ လုပ်ဆောင်မှာ မဟုတ်ပါဘူး။ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ စီမံကိန်းတွေရှိတဲ့နေရာတွေကို ဦးတည်ပြီး လုပ်ဆောင်နေတာရဲ့ နောက်ကွယ်မှာ ယခင်ကတည်းကတိုင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမတည်မငြိမ်ဖြစ်စေဖို့၊ နှစ်နိုင်ငံဆက်ဆံရေး မတည်မငြိမ်ဖြစ်စေဖို့အတွက် လုပ်ဆောင်နေတဲ့ နောက်ကွယ်က အင်အားစုများတယ်ဆိုတာကို ကျွန်တော်တို့အားလုံးက ဂရုစိုက်ရမှာဖြစ်ပါတယ်။ အားလုံးက နားလည်သဘောပေါက်ပြီး ဒီလုပ်ရပ်တွေကို အမြန်ဆုံးရပ်တန့်နိုင်ရေး စီစဉ် ရမှာဖြစ်ပါတယ်။
ဒီနေ့ ရခိုင်ပြည်နယ်ဘက်က သတင်းတွေအရ AA အကြမ်းဖက်သောင်းကျန်းသူတွေဟာ မြောက်ဦးခရိုင် ရှေးဟောင်းသုတေသန ကမ္ဘာ့အမွေအနှစ် စီမံခန့်ခွဲရေးဌာနပိုင် ယာဉ်သုံးစီးအပါအဝင် ခရိုင်ဖွံ့ဖြိုးရေးအတွက် ယာဉ်တွေ၊ ကျေးလက်ဖွံ့ဖြိုးရေးပိုင်ယာဉ်တွေ၊ သာသနာရေးဌာနပိုင်ယာဉ်တွေ စုစုပေါင်းယာဉ်ကိုးစီးကို လက်နက်ငယ်နဲ့ ခြိမ်းခြောက်ရယူသွားပြီး ၎င်းတို့အဖွဲ့အကျိုးအတွက် အသုံးပြုနေတယ်ဆိုတာကို သိရပါတယ်။ မြောက်ဦးခရိုင်ဆိုတာသည် ရှေ့ဟောင်းသုတေသနအဖွဲ့ရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အောင်လုပ်ဆောင်နေတဲ့ နေရာဖြစ်ပါတယ်။ ဒီနေရာတွေမှာ ဒီလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ယာဉ်တွေကို ယူဆောင် သွားပြီး အဖွဲ့အကျိုးအတွက် အသုံးချခြင်း၊ အဖွဲ့အကျိုးအတွက် ဆောင်ရွက်ခြင်းသည် ရခိုင်ပြည်သူ လူထုကို တိုက်ရိုက်ထိပါးစော်ကားခြင်းဖြစ်တယ်လို့ဘဲ ကျွန်တော်ပြောချင်ပါတယ်။
ရခိုင်ပြည်နယ်မှာ မကြာသေးခင်ကမှ မိုခါမုန်တိုင်းတိုက်ခဲ့တယ်။ မိုခါမုန်တိုင်းနဲ့ ပတ်သက်ပြီးတော့ တစ်တိုင်း တစ်ပြည်လုံးမှာရှိတဲ့ အဖွဲ့အစည်းအသီးသီး၊ တစ်တိုင်းတစ်ပြည်လုံးမှာရှိနေတဲ့ ပြည်သူလူထု ပါဝင်လှူဒါန်းကြတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အချိန်မီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရတယ်။ သတိပေးမှုတွေ ဆောင်ရွက်ခဲ့ရတယ်။ ဒီမိုခါမုန်တိုင်းဟာ ယခင် နာဂစ်မုန်တိုင်းထက်ကြီးမားတဲ့ လေတိုက်နှုန်းပြင်းထန်တဲ့ မုန်တိုင်းဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အစိုးရအနေနဲ့ ကြိုတင်သတိပေးမှုတွေ လုပ်ဆောင်ခဲ့လို့ အချိန်စောစီးစွာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့လို့ လူအသေအပျောက်အနည်းဆုံးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အထင်အရှားဆုံးပြရရင် ဒီမိုခါမုန်တိုင်းတိုက်ပြီး မကြာခင်မှာ ကျောင်းတွေပြန်လည် ဖွင့်လှစ်ရမှာ ဖြစ်တယ်။ ဒီကျောင်းတွေ ပြန်လည်ဖွင့်လှစ်တဲ့နေရာမှာ ရခိုင်ပြည်နယ်အနေနဲ့ အမြန်ဆုံးပြန်လည်ဖွင့် လှစ်နိုင်ခဲ့ကာ အမြန်ဆုံး ပြန်လည်နလန်ထူအောင်လုပ်နိုင်ခဲ့တာ အမြန်ဆုံးကဏ္ဍအသီးသီးကို လုပ်ငန်းတွေ ပြီးမြောက်အောင် လုပ်ဆောင်ခဲ့တာ တစ်တိုင်းတစ်ပြည်လုံးအမြင် ပဲဖြစ်ပါတယ်။ ဒီအချိန်မှာ ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး ကြီးကြီးကျယ်ကျယ် ပြောဆိုနေတဲ့ AA အဖွဲ့သည် ဘာများ လုပ်ခဲ့ဘူးသလဲဆိုတဲ့ မကြာသေးမီက ဖြစ်ရပ်ကိုဘဲ ပြန်လည်သတိရ ကြဖို့လိုပါတယ်။ ယခုအချိန်မှာ ရခိုင်ပြည်နယ်အတွင်းမှာ တစ်ချို့နေရာတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာရှိတယ်။ ရဲစခန်းတွေ ဝင်ရောက် သိမ်းပိုက်ခဲ့တာတွေရှိတယ်။ မြို့ရွာတွေကို အကြောင်းမဲ့ပစ်ခတ်ပြီး စစ်ဆင်ရေး လုပ်ခဲ့တာတွေရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ ယခင်ကတည်းကအစဉ်အဆက် ကောင်းကျိုးမပေးတဲ့ AA အဖွဲ့ဟာ ၎င်းအဖွဲ့နဲ့ပတ်သက်ပြီး သူတို့ပြောနေသလို ရခိုင်ပြည်သူလူထုအတွက် ရခိုင်ပြည်နယ် လွတ်မြောက်ရေး အတွက်ဆိုတာသည် ဟုတ်ပါ့မလားဆိုတာကို သေချာလေးနက်စွာ စဉ်းစားကြဖို့လိုတယ်လို့ ကျွန်တော့်အနေနဲ့ပြောကြားလိုပါတယ်။
ဒီနေ့ ထိတွေ့တိုက်ပွဲအနေနဲ့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသမှာ မနက်ကတည်းကတိုင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုရှိခဲ့ပါတယ်။ အဲ့ဒီမှာရှိခဲ့တဲ့ ကျွန်တော်တို့ တပ်ရင်းနှစ်ရင်း၊ ပြီးရင် ဖြူးဘက်ကနေ မုန်းဘက်ကိုဝင်တဲ့ တံတားဂိတ်နဲ့ ရဲစခန်းတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ရဲစခန်းမှာ လူအင်အားနည်းတဲ့အတွက်ကြောင့်မလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အနေနဲ့ လုံခြုံတဲ့နေရာကို ပြောင်းရွှေ့ခဲ့ရတာရှိပါတယ်။ သံတံတားဂိတ်နဲ့ ကျောက်ကြီးဘက်အထွက်မှာရှိတဲ့ တပ်ရင်းနေရာတွေကို တပ်မတော်အနေနဲ့ အပြည့်အဝ ကာကွယ်မှုပေးခဲ့ပါတယ်။ ဒါ့အပြင် အရှေ့ဘက်မှာရှိတဲ့ ခြေမြန်တပ်ရင်းတစ်ရင်းမှာ ထိတွေ့တိုက်ပွဲ ယခုအထိဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ခြေလျှင်၊ လေယာဉ်၊ အမြောက်ပေါင်းစပ်ပြီးတော့ ရွပ်ရွပ်ချွံချွံခုခံ ချေမှုန်းခဲ့ပါတယ်။ ရန်သူအနေနဲ့ ဒီနေ့ညနေပိုင်းအထိ အကျအဆုံးများစွာ ရှိပြီး စတင်ဆုတ်ခွာနေတာကိုတွေ့ရပါတယ်။
ဒီအချိန်မှာပဲ ပြည်ဖျက်မီဒီယာများရယ်၊ kNU နဲ့ပေါင်းနေတဲ့ PDF အကြမ်းဖက်သမားများအနေနဲ့ မုန်းမြို့တစ်မြို့လုံးကို ထိန်းချုပ်ထားနိုင်ပြီတို့၊ တပ်ရင်းတွေအကုန် ကုန်ပြီဆိုတဲ့ ကောလာဟာလ သတင်းကို ဆက်တိုက်ထုတ်လွှင့်နေတာဖြစ်ပါတယ်။ ပြောချင်တာကတော့ သူတို့ဘယ်လောက် ကျဆုံးခဲ့တယ်၊ ဘယ်လောက်သေခဲ့တယ်၊ ဘယ်လောက်ဒဏ်ရာရခဲ့တယ်၊ ဘယ်လိုမျိုးဆုတ်ဖို့အတွက် စီစဉ်နေတယ်ဆိုတာ သူတို့သာ အသိဆုံးဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ရှမ်းပြည်နယ် မြောက်ဘက်ပိုင်းမှာတော့ နမ့်ခမ်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာရှိပါတယ်။ မူဆယ် ၁၀၅ မိုင်ဘက်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာရှိပါတယ်။ လောက်ကိုင်မြို့ အနီးဝန်းကျင်မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်မှုရှိပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ ယခင်အပတ်ကတည်းကတိုင်ဖြစ်နေတဲ့ ထရွန်အိုင်စခန်းကို ဒီနေ့မှာလည်း ပြန်လည်တိုက်ခိုက်လာတာမျိုးရှိပါတယ်။ ဒီမှာလည်း ကျွန်တော်တို့အနေနဲ့ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေနဲ့ စနစ်တကျခုခံချေမှုန်းတဲ့အတွက် ရန်သူအကျအဆုံးများရှိပါတယ်။
စစ်ကိုင်းတိုင်းဘက်မှာတော့ ထီးချိုင့်မှာမြို့နေရာ (၇) နေရာလောက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိပါတယ်။ ဒီနေရာမှာလည်း စစ်ကိုင်းတိုင်းဘက်မှာ KIA ရဲ့မြှောက်ထိုးပင့်ကော်လုပ်မှု၊ pdf များအနေနဲ့ နောက်က nug အဖွဲ့များအနေနဲ့ မြှောက်ထိုးပင့်ကော်လုပ်မှုနဲ့ မြို့ရွာတွေကို တိုက်ခိုက်နေတာရှိပါတယ်။ ဒီမြို့ရွာတွေ တိုက်ခိုက်တဲ့နေရာမှာ တန့်ဆည်မှာလည်း သူတို့အနေနဲ့ အကျအဆုံးများစွာရှိခဲ့တယ်။ အခုထီးချိုင့်မှာလည်း အထိနာလျက်ရှိပါတယ်။ သို့သော်လည်း နောက်ကအမြဲတမ်းမြှောက်ထိုး ပင့်ကော် လုပ်နေတဲ့အတွက်ကြောင့်မလို့ မတိုက်မနေရ မတိုက်မဖြစ်ဆိုတဲ့ဟာမျိုးနဲ့ သူတို့ ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ Nug၊ crph၊ pdf အမည်ခံအကြမ်းဖက်အဖွဲ့တွေအနေနဲ့ သူတို့အမြဲတမ်းပြောဆိုနေတဲ့ ဒီမိုကရေစီ အရေးဆိုတာထက် မြန်မာနိုင်ငံမှာ အလုံးစုံပျက်သုန်းရေး သူတို့အာဏာရရှိရေးကို ဦးတည်ပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။
ကျွန်တော်တို့မြန်မာပြည်သူလူထုလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ဆိုတာ ပါးစပ်ကနေပြီး ပြောရုံသက်သက်ပဲ ရှိပါတယ်။ လက်တွေ့မှာတော့ သူတို့သွားနေတဲ့ လုပ်ငန်းတွေသည် လူသတ်၊ မုဒိန်းကျင့်၊ ကျေးရွာတွေကိုမီးရှို့ ဖျက်စီး၊ ပြည်သူလူထုပိုင် အဆောက်အဦတွေ၊ လမ်းတံတားတွေကို ဖျက်တောက်တာတွေ၊ မိုင်ထောင်ဖောက်ခွဲတာတွေ၊ ပြည်သူလူထု တစ်ရပ်လုံးနဲ့ဆိုင်တဲ့ လျှပ်စစ်တာဝါတိုင်တွေကို ချိုးတာတွေ၊ ဆက်သွယ်ရေးတာဝါတိုင်တွေကိုချိုးတာတွေ၊ လက်တွေ့မှာ ဒီအဖျက်လုပ်ငန်းတွေပဲ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီအဖျက်သမားတွေရဲ့ ပါးစပ်ကထွက်တဲ့ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ယုံစားမိရင်တော့ ဒီအဖျက်သမားတွေနဲ့အတူ ပျက်သုန်း သွားရမှာ ဖြစ်တယ်လို့ပဲပြောချင်ပါတယ်။ ကျွန်တော်တို့ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့ နိုင်ငံတော် ကာကွယ်ရေးဆိုတာသည် နိုင်ငံသားအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ ဒါကြောင့်မလို့ နိုင်ငံတော် ကာကွယ်ရေးလုပ်ငန်းတွေမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ၊ မိမိတို့တက်နိုင်သမျှ စိတ်၏အားပေးခြင်း၊ ကိုယ်၏ အားပေးခြင်း၊ နှုတ်၏အားပေးခြင်း ဒါတွေနဲ့အတူ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ကာကွယ်စောင့်ရှောက်သွားဖို့ တာဝန်ရှိကြောင်းနဲ့ စုစည်းညီညာစွာ လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။