ဆီဆိုင် ၂  နိုဝင်ဘာ 

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၇ ရက်တွင် ကျရောက်မည့် (၃၂) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းက ရှေးဟောင်းသမိုင်းဝင် မွေတော်နန်းစစ် ဘုရား၌ ပြည်သူ့အကျိုးပြု လုပ်ငန်းအဖြစ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများက ကုန်းဆွတ်ကျေးရွာအုပ်စုအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် မွေတော်နန်းစစ် ဘုရားဝင်းအတွင်း၌ ပေါက်ရောက်နေသော ချုံနွယ်များ၊ ပေါင်းမြက်များ၊ အမှိုက်များ လိုက်လံရှင်းလင်းခြင်း၊ စေတီအတွင်း သန့်ရှင်းရေးများပြုလုပ်ခြင်း၊ ပန်း၊ ဆီမီးများ ကပ်လှူပူဇော်ခြင်းတို့ကို  စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ခွန်ရဲထွေး(ဆီဆိုင်)