တာလေ ၁၅ ဩဂုတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ပြည်သူများ မျော်လင့်စောင့်စားနေကြသော ကျိုင်းတုံမြို့ မဟာဓာတ်အားလိုင်း(ခွဲရုံ)တွင် အသုံးပြုရန် ၃၆ တန်နှင့် ၂၈ တန်ရှိ ထရန်စဖော်မာများအား ကျိုင်းတုံမြို့သို့ ပို့ဆောင်ရန် ဩဂုတ် ၁၄ ညနေပိုင်းက တာချီလိတ်မြို့မှတစ်ဆင့် စတင်ထွက်ခွာကြောင်း သိရသည်။
ရှမ်းပြည်နယ် ကျိုင်းတုံမြို့နှင့် ၈ မိုင်ပတ်လည်အတွင်းရှိ ကျေးရွာအုပ်စုများနှင့် ကျေးလက် တောရွာများပါမကျန် ၂၄ နာရီ အချိန်နှင့်တပြေးညီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရေးနှင့် မီးအလင်းပေးနိုင်ရန်အတွက် လျှပ်စစ်ဌာနမှ ဝန်ထမ်းများက တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ၃၆ တန် နှင့် ၂၈ တန်ရှိ ထရန်စဖော်မာများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ မဟာဓာတ်အားလှိုင်း(ခွဲရုံ)တွင် အသုံးပြုရန်အတွက် ထိုင်းနိုင်ငံမှဝယ်ယူပြီး မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့၊ ထိုမှတစ်ဆင့် ကျိုင်းတုံမြို့သို့ လျှပ်စစ်ဝန်ထမ်းများက တာဝန်ယူပို့ဆောင်ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။
အောင်ကျော်မိုး (တာလေ)