နေပြည်တော်၊ စက်တင်ဘာ ၁

 

လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်နှင့် အသိပညာ ဗဟုသုတ တိုးပွားစေရန်အပြင် ဇာတ်သဘင် ကြိုက်နှစ်သက်ကြသည့်  မိဘပြည်သူများ အတွက်  “(၃၈) ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို မေ ၂၁ ရက်မှ စတင်၍ အပတ်စဉ် စနေနေ့တိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့် ပြသလျက်ရှိသည်။

 

အဆိုပါ (၃၈) ဖြာမင်္ဂလာအစီအစဉ်များအနက် ဘဝတိုးတက်ရေးအတွက် အဆုံးအမများစွာပါဝင် သည့် အရိယသစ္စာန ဒဿနံ (အရိယသစ္စာတရား လေးပါးကို သိမြင်ခြင်း) အစီအစဉ်ကို စက်တင်ဘာ ၁၇ ရက် စနေနေ့ ည ၉ နာရီတွင် ဆက်လက် ပြသမည် ဖြစ်သည်။

 

ယင်းအစီအစဉ်တွင် ရွှေနန်းတင်မျိုးဆက် သဘင်ပညာရှင် ဦးနန်းဝင်းက ရေးသားပူဇော်ပြီး ရန်ကုန်ဓူဝံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နက္ခတ်၊ ထက်မြတ်အောင်၊ ရန်ရှင်းမောင်၊ ဓါတ်လင်း၊ ဖွေးဖွေး၊ ပန်းကဗျာနှင့် သဘင်ပညာရှင်များ၊ အနုပညာရှင်များ  ပါဝင်တင်ဆက်ကြမည် ဖြစ်သည်။

 

ထိုသို့တင်ဆက်မှုကို စက်တင်ဘာ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီ သတင်းအပြီး၌ ပြန်လည်ပြသမည်ဖြစ်ကြောင်းသိရသည်။ (သတင်းစဉ်)