ရေဦး    ၂၃     စက်တင်ဘာ  

 

(၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင်  ရေဦးမြို့တွင်   စက်တင်ဘာ  ၂၁  ရက် နံနက် ၇   နာရီက  ရေဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူးညွှန့်ဝင်း   ဦးဆောင်သော  မြို့နယ်ရဲတပ်ဖွဲ့ဝင်များရေဦးမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းရဲတပ်ဖွဲ့ဝင် ၄၇ ဦးတို့သည်  ရေဦးမြို့ ခုတင် ( ၁၀ဝ ) ဆံ့ ပြည်သူ့ ဆေးရုံကြီးအတွင်း  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း  ဆေးရုံတွင်တက်ရောက် ဆေးကုသ လျှက်ရှိသော လူနာ ( ၁၅၀ ) အား အဟာရဒါနအဖြစ် ကြက်ဥ ၊ ကွေကာ၊ ဟောလစ်နှင့် ရေသန့်များ လှူဒါန်းကုသိုလ်ပြု ခဲ့ပြီး  ရဲတပ်ဖွဲ့ဝင်  ၅  ဦးနှင့်  တပ်ဖွဲ့ဝင်မိသားစု  ၁  ဦး  ပေါင်း  ၆  ဦးတို့မှ  သွေးလှူဒါန်းခဲ့ရာ ရေဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူး ညွှန့်ဝင်း    ဦးစီးအဖွဲ့မှ လိုက်လံကြည့်ရှု၍ ဂုဏ်ပြုအားပေးစကားပြောကြားခဲ့ပြီး  သွေးအလှူရှင်များကို  ကြက်ဥ   ငှက်ပျောသီးနှင့်  သံဓာတ်အားဆေးများပေးအပ်ခဲ့ကြောင်း  သိရသည်။

 

၅

 

 အလားတူ  စက်တင်ဘာ  ၈ ရက်နံနက်  ၇  နာရီက ရေဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ် ရဲတပ်ဖွဲ့ ဝင်များနှင့်    မြို့မရဲစခန်းမှ  တပ်ဖွဲ့ဝင် စုစုပေါင်း  ၄၀ တို့သည် ရေဦးမြို့  မင်္ဂလာရာမဘုန်းတော်ကြီးကျောင်းအတွင်း  စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း    သိရသည်။

 

မိုးသောက် (ရွှေဘို)