ရေဦး ၂၃ စက်တင်ဘာ
(၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့တွင် စက်တင်ဘာ ၂၁ ရက် နံနက် ၇ နာရီက ရေဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူးညွှန့်ဝင်း ဦးဆောင်သော မြို့နယ်ရဲတပ်ဖွဲ့ဝင်များရေဦးမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းရဲတပ်ဖွဲ့ဝင် ၄၇ ဦးတို့သည် ရေဦးမြို့ ခုတင် ( ၁၀ဝ ) ဆံ့ ပြည်သူ့ ဆေးရုံကြီးအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း ဆေးရုံတွင်တက်ရောက် ဆေးကုသ လျှက်ရှိသော လူနာ ( ၁၅၀ ) အား အဟာရဒါနအဖြစ် ကြက်ဥ ၊ ကွေကာ၊ ဟောလစ်နှင့် ရေသန့်များ လှူဒါန်းကုသိုလ်ပြု ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦးနှင့် တပ်ဖွဲ့ဝင်မိသားစု ၁ ဦး ပေါင်း ၆ ဦးတို့မှ သွေးလှူဒါန်းခဲ့ရာ ရေဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူး ညွှန့်ဝင်း ဦးစီးအဖွဲ့မှ လိုက်လံကြည့်ရှု၍ ဂုဏ်ပြုအားပေးစကားပြောကြားခဲ့ပြီး သွေးအလှူရှင်များကို ကြက်ဥ ငှက်ပျောသီးနှင့် သံဓာတ်အားဆေးများပေးအပ်ခဲ့ကြောင်း သိရသည်။
အလားတူ စက်တင်ဘာ ၈ ရက်နံနက် ၇ နာရီက ရေဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ် ရဲတပ်ဖွဲ့ ဝင်များနှင့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် စုစုပေါင်း ၄၀ တို့သည် ရေဦးမြို့ မင်္ဂလာရာမဘုန်းတော်ကြီးကျောင်းအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးသောက် (ရွှေဘို)


