နေပြည်တော်  ၂၁  စက်တင်ဘာ 


ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သန်းဝင်းနှင့်အဖွဲ့ဦးစီး၍ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူ တပ်ဖွဲ့ခွဲ၊ ဘားအံခရိုင်ရဲတပ်ဖွဲ့နှင့် အမှတ်(၁၀)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲတို့မှ အရာရှိ/အခြားအဆင့် တပ်ဖွဲ့ဝင်(၄၀)၊ စာရေးဝန်ထမ်း(၂)ဦး၊ မိသားစုဝင်(၂)ဦး၊ စုစုပေါင်း (၄၄)ဦးသည် ယနေ့နံနက် ၇ နာရီက ဘားအံပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းကြရာ ဘားအံပြည်သူဆေးရုံအုပ်ကြီး ဒေါက်တာဘရန်အောင်မက လှူဒါန်းသည့် သွေးအိတ်များကို လက်ခံခဲ့သည်။


ထို့နောက် ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် ဆေးရုံအုပ်ကြီးတို့က သွေးလှူဒါန်းသည့် ရဲတပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအားအာဟာရပြည့် အစားအစာများ ပေးအပ်ခဲ့ကြောင်း သိရသည်။


ရဲပြန်ကြား