ပြင်ဦးလွင် အောက်တိုဘာ ၁၇
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ (၅၇) နှစ်မြောက် ခန္ဓာဝန်ချ အထိမ်းအမှတ်ပူဇော်ပွဲကို ယနေ့နံနက် (၇) နာရီက ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး (၅) ၊ မိုးကုတ်ဝိပဿနာ မင်္ဂလာရိပ်သာကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
(၅၇)နှစ်မြောက် ခန္ဓာဝန်ချ အထိမ်းအမှတ်ပူဇော်ပွဲတွင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းတိုက် ( ၃၅) တိုက် မှ သံဃာတော်အပါး ( ၈၀ဝ) ပါးကျော်တို့အား ပင့်ဖိတ်ပြီး စာရေးတံမဲသပိတ်အား မဲနှိက်၍ အလှူရှင်ပြည်သူများမှ သဒ္ဒါတရားထက်သန်စွာဖြင့် ဆွမ်း၊ သင်္ကန်း ၊ ဝတ္တုငွေ ၊ ပစ္စည်း၊ လှူဖွယ်ဝတ္တု အစုစုတို့အား လောင်းလှူပူဇော်ကြပြီး ဆရာတော် သံဃာတော်များ၏ ကျောင်းတိုက်အရောက် လူမှုရေးအသင်းအဖွဲ့မှ လူငယ်မောင်ငယ်များက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဇော်မျိုးထိုက် ( ပြင်ဦးလွင် )


