ပြင်ဦးလွင် အောက်တိုဘာ   ၁၇ 

 

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏  (၅၇)  နှစ်မြောက်   ခန္ဓာဝန်ချ အထိမ်းအမှတ်ပူဇော်ပွဲကို ယနေ့နံနက် (၇) နာရီက ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး (၅) ၊  မိုးကုတ်ဝိပဿနာ မင်္ဂလာရိပ်သာကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

 

 (၅၇)နှစ်မြောက် ခန္ဓာဝန်ချ အထိမ်းအမှတ်ပူဇော်ပွဲတွင်  ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းတိုက် ( ၃၅) တိုက်  မှ  သံဃာတော်အပါး ( ၈၀ဝ) ပါးကျော်တို့အား ပင့်ဖိတ်ပြီး   စာရေးတံမဲသပိတ်အား မဲနှိက်၍ အလှူရှင်ပြည်သူများမှ သဒ္ဒါတရားထက်သန်စွာဖြင့်  ဆွမ်း၊ သင်္ကန်း ၊ ဝတ္တုငွေ ၊ ပစ္စည်း၊ လှူဖွယ်ဝတ္တု အစုစုတို့အား လောင်းလှူပူဇော်ကြပြီး ဆရာတော် သံဃာတော်များ၏ ကျောင်းတိုက်အရောက် လူမှုရေးအသင်းအဖွဲ့မှ လူငယ်မောင်ငယ်များက  ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ 

 

ဇော်မျိုးထိုက်  ( ပြင်ဦးလွင်  )