မင်းဘူး စက်တင်ဘာ ၁၃

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို  ဂုဏ်ပြုကြိုဆိုသောအားဖြင့် မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်ဦးကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှိုင်ဝင်းနှင့်  ရဲတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၁၀ ရက်က မင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း ပိုးမွှားအန္တရာယ်ကင်းစင်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများ ကင်းဝေးစေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)