မိုင်းကိုင် ၂၁ မေ       
    
မေ  ၂၀ ရက်က  လဲချားမြို့အထွက် ဝမ်ကန်ရွာအနီးတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာသွန်းခြင်းတို့ကြောင့်  ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်းသို့  ဓာတ်အားပေးထားသော  ၆၆ ကေဗွီ (လဲချား-မိုင်းကိုင်) မဟာဓာတ်အားလိုင်းပေါ်သို့  ထင်းရှူးပင်လဲကျပြီး  တိုက်အမှတ် - ၂၁၆ ဓာတ်တိုင် ဦးပိုင်း ကျိုးသွားခဲ့ရာ  မြို့နယ်လျှပ်စစ်မှူးနှင့် ဝန်ထမ်းများက မီးပြတ်လပ်မှုမရှိစေရေး  ယာယီဆောင်ရွက်ပေးခဲ့ရသည်။

 

a


    
အဆိုပါ လဲကျနေသော သစ်ပင်သစ်ကိုင်းများကို ရှင်းလင်းဖယ်ထုတ်၍ ဓာတ်အားလိုင်းအား ပြန်လည်ပြုပြင်  မွမ်းမံမည်ဖြစ်သောကြောင့်   မေ  ၂၂ ရက်၊ နံနက်  ၇   နာရီမှ  ညနေ  ၅  နာရီအထိ  လျှပ်စစ်ဓာတ်အား ပို့လွှတ်မှု ခေတ္တဖြတ်ထားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မှူး  ဦးအောင်ရဲထွန်းထံမှ သိရှိရသည်။ 

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)