မိုင်းကိုင် ၂၁ မေ
မေ ၂၀ ရက်က လဲချားမြို့အထွက် ဝမ်ကန်ရွာအနီးတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာသွန်းခြင်းတို့ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်းသို့ ဓာတ်အားပေးထားသော ၆၆ ကေဗွီ (လဲချား-မိုင်းကိုင်) မဟာဓာတ်အားလိုင်းပေါ်သို့ ထင်းရှူးပင်လဲကျပြီး တိုက်အမှတ် - ၂၁၆ ဓာတ်တိုင် ဦးပိုင်း ကျိုးသွားခဲ့ရာ မြို့နယ်လျှပ်စစ်မှူးနှင့် ဝန်ထမ်းများက မီးပြတ်လပ်မှုမရှိစေရေး ယာယီဆောင်ရွက်ပေးခဲ့ရသည်။
အဆိုပါ လဲကျနေသော သစ်ပင်သစ်ကိုင်းများကို ရှင်းလင်းဖယ်ထုတ်၍ ဓာတ်အားလိုင်းအား ပြန်လည်ပြုပြင် မွမ်းမံမည်ဖြစ်သောကြောင့် မေ ၂၂ ရက်၊ နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ လျှပ်စစ်ဓာတ်အား ပို့လွှတ်မှု ခေတ္တဖြတ်ထားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးအောင်ရဲထွန်းထံမှ သိရှိရသည်။
နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)


