ချောင်းဆုံ ၁၂ ဇူလိုင်


မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာနတို့ ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က မုဒွန်းအနောက် (အ.မ.က) ကျောင်း နှင့် ကညှော်(အ.မ.က)ကျောင်းတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ သက်ဆိုင်ရာကျောင်းအုပ်ကြီးများမှ အမှာစကားပြောကြားပြီး (ပြန်/ဆက်)ဦးစီးမှူး ဒေါ်မိသူဇာက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းနှင့် လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာ များကိုလည်းကောင်း၊ စာထောက်-၃ ဦးကျော်ကျော်အောင်က သက်ငယ်မုဒိမ်းမှု လျော့နည်းပပျောက်စေရန် ကျောင်းသား၊ ကျောင်းသူများအား ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကာကွယ်စောင့်ရှောက်ရမည့် အချက်များအားလည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။ 


ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ ဗိုလ်ချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦးတို့၏ အတ္ထုပ္ပတ္တိများ၊ ဗိုလ်ချုပ် အောင်ဆန်း၏ နိုင်ငံခြားခရီးစဉ်၊ နိုင်ငံရေး လှုပ်ရှားမှု စည်းရုံးရေးခရီးစဉ် မှတ်တမ်းဓါတ်ပုံများ ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN