ဒဂုံမြို့သစ်(တောင်ပိုင်း) ၁၂ ဇူလိုင် 


(၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ပြသခြင်းကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကြီးမှူး၍ ယနေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ အ.ထ.က(၂)ကျောင်း၌ ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားတွင် ဒဂုံတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီမှူး ဒေါ်သန်းသန်းအေးက အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားဂုဏ်ပြု၍ အာဇာနည်နေ့အကြောင်း သိကောင်းစရာများနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားအတုယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ကျောင်းသား ကျောင်းသူများအား စာဖတ်ဝိုင်းများ ပြုလုပ်ပေးခဲ့ပြီး အာဇာနည်ခေါင်းဆောင်ကြီးများနှင့် (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝ နိုင်ငံရေးလှုပ်ရှားမှုများ၊ နိုင်ငံတော်အတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ပြသထားရာ ကျောင်းသားကျောင်းသူစုစုပေါင်း(၁၀ဝ)ခန့် ကြည်ရှု့ခဲ့ပြီး သိရှိသမျှကို ပြန်လည်ဆွေးနွေး၍ ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။


သက်မင်းဟန်(ဒဂုံတောင်)