တောင်တွင်းကြီး ၆ ဇူလိုင်
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် တွင် (၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပနိုင်ရေး အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပသည်။
အစည်းအဝေးတွင် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးမင်းသိမ်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်း၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အခမ်းအနားကျင်းပရေး ကော်မတီဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်း က (၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပနိုင်ရေး အတွက် ဆောင်ရွက်မည့်အခြေအနေများ ဇူလိုင်လ (၁၉)ရက်နေ့ နံနက် အာရုဏ်တွင် သံဃာတော်များအား ဆွမ်းဆက်ကပ်မည့် အခြေအနေ များ၊တောင်တွင်ကြီးမြို့လယ် လမ်းဆုံရှိ အာဇာနည်ရင်ပြင်၌နိုင်ငံရေးပါတီမျာ ဌာနဆိုင်ရာများ ကျောင်းသား/သူများ ရပ်ကွက်/ကျေးရွာများမှပြည်သူများကလွမ်းသူ့ပန်းခွေချ အလေးပြု ခြင်းတို့ ဆောင်ရွက်ကြမည့် အခြေအနေများနှင့် မြို့နယ်ပြန်/ဆက်ရုံးတွင်(၇၂)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကဗျာရွတ်ဆိုပြိူင်ပွဲ ပန်းချီပြိုင်ပွဲ ဗိုလ်ချုပ်မိန့်ခွန်းကောက်နုတ်ချက်ပြိုင်ပွဲများ ကျင်းပနိုင်ရေး ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများနှင့် အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် အာဇာနည်ရင်ပြင်သည် အာဇာနည်ကိုးဦး၏ ကြေးရုပ်တုများဖြင့် ၂၀၁၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး အာဇာနည်နေ့ အခမ်းအနားများတွင် အခြားမြို့နယ်များမှ ပြည်သူများကလည်း လာရောက်ဂါရဝပြုကြကြောင်း သိရသည်။
နိုင်ဝင်း(ပြန်/ဆက်)


