နေပြည်တော် ၆ ဇူလိုင်

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော်မှကြီးမှူး၍ (၇၂)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတက်ပဲ့အုပ်စု၊ ဆည်စုကျေးရွာ၊ ဆယ်မာအူးလ်ခန်းမတွင် ကျင်းပသည်။

 

mdn

 

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အမှာစကားပြောကြားပြီး စာရေးဆရာမ ရွှေလေညင်းက လက်ရုံးရည် နှလုံးရည်နှင့် ပြည့်ဝသည့် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာနွေး(သရက်)က အာဇာနည်နေ့အကြောင်းနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို လည်းကောင်း အသီးသီးဟောပြောကြသည်။

 

mdn

 

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် (၇၂)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ ဓာတ်ပုံများ၊ စာအုပ်များကို တက်ရောက်လာသူများမှ လှည့်လည်ကြည့်ရှုကြကြောင်း သတင်းရရှိသည်။

နေပြည်တော် (ပြန်/ဆက်)