နေပြည်တော် ၁၂ ဇူလိုင်

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ (သောကြာနေ့) (၇၂)နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူရေး၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင် မြန်မာအသံနှင့်ရုပ်မြင်သံကြားက ဥသြဆွဲအချက်ပေးရေးနှင့် ယင်းအချိန်တွင် သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးစေရေးတို့အတွက် အောက်ခြေအဖွဲ့အစည်း အဆင့်ဆင့်သို့ ဆက်လက်ညွှန်ကြားရန် နိုင်ငံတော်သမ္မတရုံးက အစိုးရရုံးဌာနအားလုံးသို့ ညွှန်ကြားထားကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်