နေပြည်တော် ၁၀ ဖေဖော်ဝါရီ
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ရှိ ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများဖြစ်ကြသော ထုတ်စည်းတိုး(အမျိုးသမီး)၊ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများကို ယနေ့ နံနက် ၈ နာရီအချိန်မှစ၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁/၂/၃)တို့၌ ကျင်းပရာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ အားကစားဝါသနာရှင် အရာထမ်း၊ အမှုထမ်းများ လာရောက်ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲများအဖြစ် ပြည်သူ့လွှတ်တော်အသင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်သူ့လွှတ်တော်အသင်းမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးအသင်းအား (၂)ပွဲ၊ (၁)ပွဲဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့်ဘဏ္ဏာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ စီမံကိန်းနှင့် ဘဏ္ဏာရေးဝန်ကြီးဌာနအသင်းအား (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ နေပြည်တော်စည်ပင်အသင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအသင်းမှ လာရောက် ယှဉ်ပြိုင်ခြင်းမရှိသဖြင့် နေပြည်တော်စည်ပင်အသင်းမှ လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန် အသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုရာထူးဝန် အသင်းမှ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းအား (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းနှင့် ပြည်သူ့လွှတ်တော်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းမှ ပြည်သူ့လွှတ်တော်အသင်းအား (၂)ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိ သွားသည်။
ဆက်လက်၍ လွန်ဆွဲ(အမျိုးသမီး)ပြိုင်ပွဲများအဖြစ် ပြည်ထောင်စုရာထူးဝန်အသင်းနှင့် ပညာရေး ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုရာထူးဝန်အသင်းမှ ပညာရေးဝန်ကြီးဌာန အသင်းအား (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့် ဘဏ္ဏာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းမှ (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ထုတ်စည်းတိုး(အမျိုးသမီး)ပြိုင်ပွဲများအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းမှ အနိုင်ရရှိခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)