ကွန်ဟိန်း ၁၂ ဇူလိုင်
၇၂ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊(Community Centre)ခန်းမတွင် ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့်က ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ လူအများရှေ့တွင် ပြောရဲသည့်သတ္တိများရရှိလာစေရန်၊ မမေ့သင့်မမေ့အပ် သည့် နေ့ရက်များကို အစဉ်သတိရနေစေရန် ရည်ရွယ်၍ ပြိုင်ပွဲအား ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာများဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများနှင့် မေတ္တာလက်ဆောင်များ အသီးသီး ဆုချီးမြှင့်ခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ ကွန်ဟိန်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း (၁၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


