မိုင်းရှူး ၁၆ ဇူလိုင်
ပြန်ကြားရေးဝန်ကြီးဌာနက အခမဲ့ထုတ်ဝေဖြန့်ချိသည့် (၇၃)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်များကို မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် အခြေခံပညာ အထက်တန်းကျောင်း စာကြည့်တိုက်တွင် ထားရှိရန်၊ ကျောင်းအပ်နှံသည့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ ဖတ်ရှုနိုင်ရန် ဖြန့်ဝေပေးခဲ့ပြီး ဈေးဆိုင်များနှင့် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်လာရောက်ငှားရမ်း ဖတ်ရှုသူများကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အမှတ်တရစာအုပ်တွင် အာဇာနည် (၉)ဉီး၏ သမိုင်းအကျဉ်း၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကောက်နှုတ်ချက်၊ သခင်ကိုယ်တော်မှိုင်း၏ အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်၏ အမှာစကား၊ ဒေါ်အောင်ဆန်းစုကြည်၏ အာဇာနည်နေ့၊ ဂန္ဒီ၏ ဆုတောင်းစကား၊ သခင်နု မိန့်ခွန်း၊ ဇော်ဂျီ၏ ပြောလိုက်ပါဘိ ဟောပါဘိ၊ တင်မိုး၏အောင်ဆန်း စသော မျိုးချစ်သူရဲကောင်းများသို့၊ ဒဂုန်တာရာ၏ ဘဝပုံ သဏ္ဌာန်နှင့် ပထမအရွယ် စသည်များ ပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


