ကျောင်းကုန်း ၁၆ ဇူလိုင်
ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကဗျာရွတ်ဆိုမှုကို ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန် ကျင်းပခဲ့သည်။
ကိုယ့်အားကိုယ်ကိုး စေတနာ မူလတန်းကြိုကျောင်းမှ ကျောင်းသား မောင်လင်းယံက "အာဇာနည်နေ့ တို့မမေ့"၊ မစုရတီထက်က"ဇူလိုင်မှာ(၁၉)ရက်"၊ မောင်ကောင်းဆက်က "အာဇာနည်နေ့ တို့မမေ့"နှင့် မချစ်ခွန်းစုကြည်က"မမေ့အပ်"စသည့် ကဗျာများရွတ်ဆိုကြကာ ကျဆုံးသွားသော လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုသည့်အနေဖြင့် ကဗျာရွတ်ဆိုခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)