နေပြည်တော်     ဇန်နဝါရီ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၇၃)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်( ၂၀၀)ကျပ်တန်()မျိုးအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ရက်နေ့၊ နံနက် နာရီခွဲ အချိန်မှ စတင်ပြီး  နေပြည်တော်ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် တစ်မျိုးကို အလုံးရေသုံးသိန်းစီနှင့် ပထမနေ့စာအိတ် (Firstday Cover)အလုံးရေ(၃၅၀၀ )ကိုရောင်းချပေးသွားမည်ဖြစ်သည်။ ရန်ကုန်စာတိုက်ကြီးတွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ်တစ်မျိုးကို(၂၅၀၀၀)စီနှင့်ပထမနေ့စာအိတ် (Firstday Cover)အလုံးရေ(၁၇၀၀)ကို တံဆိပ်ခေါင်းစုဆောင်းသူဝါသနာရှင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော လမ်းညွှန်ချက်များ နှင့် အညီရောင်းချပေးခြင်းဖြစ်သည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ  ရက်နေ့တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover ) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ် ပေးခဲ့သည်ဟု သိရသည်။

#MRTV

 

135490961_3763104533735345_2065787149204790713

 

135490961_3763104533735345_2065787149204790713_n

 

3