ဟားခါး ဇန်နဝါရီ ၄

 

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ယနေ့ နံနက် ၄ နာရီ မိနစ် ၂၀ က ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အလံအား အလံတိုင်ထိပ်သို့ လွှင့်တင်ခဲ့ပြီး ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် တက်ရောက်လာကြသူများက  နိုင်ငံတော်အလံအား အလေးပြုကြသည်။

 

ဆက်လက်၍ နံနက် ၇ နာရီတွင် လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနားကို ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ  နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ချင်းပြည်နယ်ဝန်ကြီးချုပ်က ဖတ်ကြားသည်။

 

ထို့နောက် (၇၆)နှစ်မြောက် လွတ်လပ်ရေးအနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆုရရှိသူများ၊ တိုင်းရင်းသားအဖွဲ့များနှင့် စုပေါင်းအမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)