နေပြည်တော် ဒီဇင်ဘာ ၂၆
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် ရေဆင်း၏ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာပြိုင်ပွဲကို “သွေးနှင့် ရေးသောသမိုင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲကို “လွတ်လပ်ရေးနှင့် လူငယ်တာဝန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျပန်းစကားပြောပြိုင်ပွဲကို “နိုင်ငံတစ်နိုင်ငံတည်ဆောက်ရေးတွင် လွတ်လပ်ရေးသည် မရှိမဖြစ်လိုအပ်သည့် ပင်မရင်းမြစ် အသက်သွေးကြောဖြစ်သည်” ခေါင်းစဉ်ဖြင့် လည်းကောင်းကျင်းပပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက်တွင် အဆိုပါတက္ကသိုလ်၌ ကျင်းပသည်။
အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဆုရရှိသူများအား ဆုများပေးအပ် ချီးမြှင့်သည်။
(သတင်းစဉ်)


