နေပြည်တော်၊ အောက်တိုဘာ ၂၀

 

(၈၄)ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ကော်မတီ (84th Meeting of ASEAN Committee on Science, Technology and Innovation – COSTI-84) နှင့် ဆက်စပ်ဆပ်ကော်မတီများ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ Bohol မြို့ “Bellevue Resort” တွင် အောက်တိုဘာ ၁၆ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးနှင့် COSTI နည်းပညာ ဆပ်ကော်မတီ အဖွဲ့ခေါင်း ဆောင်များ တက်ရောက်ခဲ့ကြသည်။

 

COSTI 84 ဖွင့်ပွဲအခမ်းအနားတွင် အလှည့်ကျဥက္ကဋ္ဌ၊ ဘရူးနိုင်းနိုင်ငံ ပို့ဆောင်ရေးနှင့် သတင်းအချက်အလက် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် Mr. Mohammad Nazri Mohammad Yusof က အဖွင့်အမှာစကား ပြောကြားပြီး ဖိလစ်ပိုင်နိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန Undersecretary Dr. Leah J. Buendia က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

 

ယင်းနောက် ASEAN Textile S&T Exposition ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြီး  ASEAN နိုင်ငံအလိုက် Textile နည်းပညာနှင့် ရိုးရာအဝတ်အစားများ ခင်းကျင်းပြသခဲ့သည်။

 

COSTI နည်းပညာ ဆပ်ကော်မတီအလိုက် ဆွေးနွေးချက်များကို COSTI ကော်မတီ အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ကြပြီး အာဆီယံနိုင်ငံများအကြား ASEAN Technology Hub ထူထောင်ခြင်း၊ Artificial Intelligence ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရေး Network on Bio-Circular and Green Economy ၊ ဒေသတွင်း သုတေသန အခြေခံအ‌ဆောက်အဦဆိုင်ရာ မဟာဗျူဟာ အကောင်အထည်ဖော်ရေးကိစ္စများ ဆွေးနွေးညှိနှိုင်းခဲ့ပြီး အာဆီယံနှင့် မိတ်ဖက်အဖွဲ့ များဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်၊ ဥရောပသမဂ္ဂတို့ဖြင့် သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ သုတေသနများ စာတမ်းရွေးချယ်အတည်ပြုခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ နှင့် ညီလာခံများ ပူးတွဲကျင်းပရေးနှင့် အမျိုးသမီးသုတေသနပညာရှင်များ ပိုမိုပါဝင်ဆောင်ရွက်နိုင်ရေး နှင့် ဆုချီးမြှင့်ပေးနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်