မကွေး ၂ ဇူလိုင်
မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် မြို့နယ်သမဝါယမအသင်းစုများမှ ဇူလိုင် ၄ ရက်တွင် ကျရောက်မည့် (၉၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကိစ္စရပ်များတွင် အသုံးပြုနိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အလှူငွေကျပ်သိန်း(၂၀) ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ဇူလိုင် ၁ ရက်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများ တက်ရောက်ပြီး လှူဒါန်းငွေအား မကွေးတိုင်းဒေသကြီး သမဝါယမတိုင်းဦးစီးမှူးနှင့် အသင်းစုချုပ်ဥက္ကဋ္ဌတို့က ပေးအပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က လက်ခံ၍ ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သမဝါယမဦးစီးဌာနမှ သိရှိရသည်။
MDN


