ဘိုကလေး ၂ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ အာဆီယံအမွေအနှစ် မိန်းမလှကျွန်း ဘေးမဲ့တောအား ရေရှည်တည်တံ့ခိုင်မြဲစေရေးကို ရည်ရွယ်၍ အာဆီယံအမွေအနှစ် မိန်းမလှကျွန်းဘေးမဲ့တော အဆင့်မြှင့်ထိန်းသိမ်းရေး တာဝန်ခံမှုဆိုင်ရာ ပြည်သူ့စကားဝိုင်းကို ဇူလိုင် ၉ ရက် နံနက် ၉ နာရီတွင် ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာတွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။
အဆိုပါ စကားဝိုင်းသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကာ လူမှုဖွံ့ဖြိုးတိုးတက်ရေး အလင်းတန်းအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိုင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်မေသန်းနွဲ့၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးအောင်ခင်ဗိုလ်၊ ဦးစံမင်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးမြင့်သိန်း၊ မြို့နယ်သစ်တောဦးစီးမှူး ဦးကျော်ကျော်မင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးစိုးမြိုင်၊ မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဦးတင်ရွှေ၊ မိန်းမလှကျွန်းအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်အောင်တို့မှ ပါဝင်ဆွေးနွေးကြမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)


