ရန်ကုန်     ဇွန်     ၄

အာဆီယံဘောလုံးအဖွဲ့ချုပ်က စီစဉ်ကျင်းပမည့် ၂၀၂၅ အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲကို ဇွန် ၉ ရက်မှ ၁၈ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ကျင်းပမည်ဖြစ်ပြီး   မြန်မာ အသင်းသည် အိမ်ရှင်ဗီယက်နမ်အသင်းနှင့်    ပွဲဦးထွက် ကစားရမည်ဖြစ်သည်။ ၂၀၂၅  အာဆီယံ  ယူ-၁၉    ပြိုင်ပွဲတွင်    အသင်းရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (က) တွင် အိမ်ရှင် ဗီယက်နမ်၊  မြန်မာ၊  လာအို၊  တီမော၊ အုပ်စု (ခ)  တွင်  ထိုင်း၊   အင်ဒိုနီးရှား၊   ကမ္ဘော ဒီးယားနှင့်    မလေးရှားအသင်းတို့      ပါဝင်နေသည်။     မြန်မာအသင်းသည်   အုပ်စုပွဲများအဖြစ်  ဇွန်  ၉  ရက် တွင်   ထိုင်းအသင်း၊   ဇွန် ၁၁  ရက်တွင်   လာအိုအသင်း၊   ဇွန်  ၁၃  ရက်တွင် တီမောအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။    အုပ်စုပွဲများကို   ဇွန်   ၉ ရက်မှ ၁၄    ရက်၊   ဆီမီးဖိုင်နယ်ပွဲစဉ် များကို    ဇွန် ၁၆ ရက်၊ တတိယလုပွဲနှင့်  ဗိုလ်လုပွဲကို  ဇွန် ၁၈ ရက်တွင် ကျင်းပမည်ဖြစ်သည်။

မြန်မာ    ယူ-၁၉    အမျိုးသမီး   လူငယ်လက်ရွေးစင်အသင်းသည်  ယင်းပြိုင်ပွဲအတွက်   အပြီးသတ် ပြင်ဆင်မှုများ    ပြုလုပ်လျက်ရှိပြီး  နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက    တာဝန်ယူ   ကိုင်တွယ်လျက်ရှိသည်။ မြန်မာ   ယူ-၁၉     အမျိုးသမီးအသင်းသည်   ယင်းပြိုင်ပွဲအတွက် မေ ၈ ရက်မှစ၍ ပဏာမကစားသမား ၃၀ ကျော်ဖြင့် လေ့ကျင့်ပြင်ဆင်ခဲ့ပြီး   ပြင်ဆင်ချိန်  တစ်လဝန်းကျင် ရရှိမည် ဖြစ်သည်။

သော်လေး