ရန်ကုန် ဇွန် ၄
အာဆီယံဘောလုံးအဖွဲ့ချုပ်က စီစဉ်ကျင်းပမည့် ၂၀၂၅ အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲကို ဇွန် ၉ ရက်မှ ၁၈ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ကျင်းပမည်ဖြစ်ပြီး မြန်မာ အသင်းသည် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ပွဲဦးထွက် ကစားရမည်ဖြစ်သည်။ ၂၀၂၅ အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် အသင်းရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (က) တွင် အိမ်ရှင် ဗီယက်နမ်၊ မြန်မာ၊ လာအို၊ တီမော၊ အုပ်စု (ခ) တွင် ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘော ဒီးယားနှင့် မလေးရှားအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် ဇွန် ၉ ရက် တွင် ထိုင်းအသင်း၊ ဇွန် ၁၁ ရက်တွင် လာအိုအသင်း၊ ဇွန် ၁၃ ရက်တွင် တီမောအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ အုပ်စုပွဲများကို ဇွန် ၉ ရက်မှ ၁၄ ရက်၊ ဆီမီးဖိုင်နယ်ပွဲစဉ် များကို ဇွန် ၁၆ ရက်၊ တတိယလုပွဲနှင့် ဗိုလ်လုပွဲကို ဇွန် ၁၈ ရက်တွင် ကျင်းပမည်ဖြစ်သည်။
မြန်မာ ယူ-၁၉ အမျိုးသမီး လူငယ်လက်ရွေးစင်အသင်းသည် ယင်းပြိုင်ပွဲအတွက် အပြီးသတ် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက တာဝန်ယူ ကိုင်တွယ်လျက်ရှိသည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲအတွက် မေ ၈ ရက်မှစ၍ ပဏာမကစားသမား ၃၀ ကျော်ဖြင့် လေ့ကျင့်ပြင်ဆင်ခဲ့ပြီး ပြင်ဆင်ချိန် တစ်လဝန်းကျင် ရရှိမည် ဖြစ်သည်။
သော်လေး