မန္တလေး  ၁၄  အောက်တိုဘာ

 

မန္တလေး အာကီဒိုသင်တန်းများ၏ အနှစ်(၂၀)ပြည့် အထိမ်းအမှတ် အာကီဒို နှီးနှောဖလှယ်ပွဲနှင့် နိုင်ငံတကာ အကီဒို သရုပ်ပြသပွဲကို ယမန်နေ့ ညနေပိုင်းတွင် မန္တလေးမြို့ မန္တလာသီရိအဆင့်မြင့် အားကစားကွင်းရှိ Multipurpose Stadium ကျင်းပသည်။

 

1

 

သရုပ်ပြသပွဲတွင် ဂျပန်၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်း၊ စကော့တလန်၊ ပြင်သစ်၊ ဂူအမ်နှင့် မြန်မာနိုင်ငံတို့မှ အာကီဒို အားကစားသမားများက အာကီဒို ပညာရပ်ဆိုင်ရာများကို သရုပ်ပြသကြပြီး အမှတ်တရ လက်ဆောင်များ အပြန်အလှန်ပေးအပ်ကြသည်။

 

4

 

အခုလို သရုပ်ပြပွဲကျင်းပခြင်းဖြင့် နိုင်ငံတကာက အသိပညာ ဗဟုသုတတွေ တိုးပွားလာမယ်။ နိုင်ငံ အသီးသီးရဲ့ ယဉ်ကျေးမှူနဲ့ အာကီဒိုပညာရပ်တွေ နှီးနှောဖလှယ်နိုင်မယ့် အကျိုးကျေးဇူးတွေ ရရှိလာပါမယ်။ မန္တလေးမြို့မှာ Branch နှစ်ခုနဲ့ အာကီဒိုနည်းပညာရပ်တွေ ပြန့်ပွားအောင် ဆောင်ရွက်နေပါတယ်ဟု မြန်မာနိုင်ငံ အကီဒိုအဖွဲ့ချုပ် အတွင်းရေးမှူး နည်းပြဆရာ ဦးကျော်သီဟက ပြောသည်။

 

တင်မောင်(မန်းကိုယ်ပွား)